ဒီဘ၀မှာ အကောင်းအဆုံး အခွင့်အရေးကြီးကို
ဒို့ ပိုင်ဆိုင်ခွင့်ရပြီ။
ဘာကို တိုးလို့ လိုချင်ဦးမှာလဲ...
လောကီစီးစိမ်တွေလဲ ဒီလောက်မကောင်း...
ဒါနတွေလဲ ဒီလောက် မကောင်း...
သီလတွေလဲ ဒီလောက် မကောင်း...
အကောင်းဆုံးကို လုပ်ခွင့် အပြည့်ရနေပါပြီ...
ဘာဘဲ လုပ်ရလုပ်ရလဲ စိတ်ပျက်စရာ မကျေမနပ်ဖြစ်စရာ မလိုတော့ဘူး...
ဘာဘဲ တွေ့ကြုံပါစေလဲ ၀မ်းနည်းစရာမလိုတော့ပါဘူး...
နောက်ထပ်ပါရမီတွေလဲ ထပ်ဖြည့်စရာ မလိုတော့ဘူး...
အဲဒီအခွင့်အရေးကြီးကတော့...
ဘာပဲ လုပ်လုပ် သတိနဲ့ လုပ်ခွင့်ရနေပြီလေ...
ဒါဆို အားလုံး ပြည့်စုံသွားပါပြီ...
ဒါဆို အားလုံးထက် အကောင်းဆုံး ဖြစ်သွားပါပြီ...
ဒါဆိုရင်... အဆုံးအစမထင်က အဖန်တလဲလဲ ခံခဲ့ရတဲ့
ဘေးဒုက္ခကြီးတွေ
အကုန်ငြိမ်းသွားတော့မှာပါ...
ဘာမှ ဆုတောင်း မနေနဲ့တော့
ဘာမှ တမ်းတမနေနဲ့တော့...
... သတိနဲ့ နေခွင့် အခွင့်ထူးကြီးကို ရနေကြပါပြီ ...
... သတိနဲ့ နေလိုက်ကြစို့နော်...
... သတိနဲ့ နေခွင့်ရခြင်းဟာ... အထူးကဲဆုံး ဆုလာတ်ကြီးပါ...