Tuesday, October 31, 2017
Sunday, October 29, 2017
Monday, October 23, 2017
မကြာခဏ ခောတ်ကြီးကိုက မကောင်းပါဘူး။ ပျက်စီးနေပါပြီလို့ ညည်းငြူသံ ကြားရတတ်ပါသည်။ သို့သော် ရိုင်းစိုင်းခဲ့သည့် ကိလေသာတွေက လွန်ခဲ့သော အနှစ် ၂၅၀၀ မှ ယခုတိုင် ထူးမခြားပင်။ ရာထူးအတွက် အာဏာအတွက် မင်းစီးစိမ်အတွက် အဖေကိုလဲ သတ်ရဲသည်၊ ညီအကိုမောင်နှမကိုလဲ သတ်ရဲသည်၊ မောင်နှမချင်းလဲ လင်မယားလုပ်ရဲသည်။
ယခုခောတ်တွင်တော့ ပိုယဉ်ကျေးလာသည်။
သို့သော် ကိုယ့်ကိုးကွယ်ရာဘာသာတရားကို ညစ်ထေးအောင် အဆင့်အတန်းနိမ့်အောင် ကိုယ်ကျိုးအတွက် အသုံးချကြသည်။
ကိုယ့်လူမျိုးကို လူအထင်သေးခံရအောင် ဆွဲချပြီး မိမိ ကိုယ်ကျိုးအတွက် အသုံးချကြသည်။
ယခင်က မြန်မာဆိုလျင် စင်္ကာပူ၊မလေးရှား၊ထိုင်း၊အင်ဒိုတ၀ိုက်မှာ ချစ်ခင်ကြသည်။ လေးစားကြသည်။ သိမ်မွေ့သည်၊ သစ္စာရှိသည်၊ အမှန်ပြောသည်၊ နာခံတတ်သည်၊ စသဖြင့် ဂုဏ်ပုဒ်များ ရရှိတတ်သည်။ လမ်းသွားရင်း ကားပေါ်ရထားပေါ်မှာ အလိုလို ဂရုပြု လေးစားခံရတတ်ပါသည်။
စင်္ကာပူမှာဆို အလုပ်လူလျော့တာတောင် မြန်မာတွေကို ချန်ထားပြီး အခြားလူမျိုးများကို လျော့တတ်သည်။ မလေးမှာလဲ အချို့ဆိုင်တွေဆို ဆိုင်ရှင်က မြန်မာ ကောင်တာ၊ မြန်မာ စားပွဲထိုး၊ စသဖြင့် မြန်မာတွေကို ယုံကြည်ကာ ပုံအပ်ထားကြသည်။ မြန်မာတွေကို ယုံပြီး သစ်သီးဆိုင်တွေ အုန်းသီးဆိုင်တွေတွင် အကျိုးတူလုပ်ကြသည်။ မြန်မာ နာမည်ရခဲ့ပါသည်။
မြန်မာ ဘုန်းကြီးတွေဆိုလဲ လေးစားကြသည်။ ကြည်ညိုကြသည်။ အချို့ မလေးလူမျိုးများပင် မြန်မာ ဘုန်းကြီးများနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်လိုကြသည်။
တနေ့က ပီနန်းကထိန်သို့ ကြွလာသည့် မြန်မာဘုန်းကြီးများ ကေအယ် မြို့လည်ခေါင်မှာ ဓာတ်ပုံသွားအရိုက် မလေးတစုက ၀ိုင်းရိုက်ကြသည်။
ယနေ့ နိုင်ငံခြား သတင်းများတွင် မြန်မာဗုဒ္ဓဘာသာ အစွန်းရောက်များ လူသတ်သည်၊ မီးရှို့သည်၊ စသဖြင့် အဖေါ်ပြခံရသည်မှာ ရိုးနေပြီ။
ဒလိုင်းလားမားတို့ကဲ့သို့သော ဗုဒ္ဓဘာသာ ခေါင်းဆောင်များ၏ သတိပေးစကား ပြောကြားမှုများကို ခံနေရပြီ။
နိုင်ငံတကာ ခေါင်းဆောင်များ၊ အထင်ကရ ပုဂ္ဂိုလ်များက သတိပေးစကားများ ပြောကြားမှုကို ခံနေရပြီ။
ကမ္ဘာ့အလည်တွင် မြန်မာ၏ ပုံရိပ်သည် ယိုယွင်းလာနေသည်။
Thursday, October 12, 2017
Monday, October 9, 2017
ကိုယ့်စိတ်ကူးတွေကိုယ် မယုံဘူးလား...
လွတ်လပ်မှုကို မမြော်လင့်ဘူးလား...
ညည်းငွေ့မှုတွေက လွတ်ပြီး ကိုယ်ယုံကြည်ရာ မလုပ်ချင်ဘူးလား...
သွားကြစို့...
နှုတ်ဆက်တော့မယ် အာစီအယ်ရယ်...
၂၆နှစ်တာ မိသားစုနဲ့ ပျော်ရွှင်စွာ
ဆွေမျိုးညာတကာတွေကို ထောက်ပံ့
သာသနာတော်ကို စောင့်ရှောက်ခွင့် ရစေတဲ့ အတွက် ကျေးဇူးတင်ပါတယ်...
မင်းအတွက် ဆက်ပြီးအလုပ်လုပ်ပေးဖို့ ငါ့မှာ အင်အားတွေ မရှိတော့ဘူး...
ခွန်အားတွေ ကုန်ခန်းသွားပြီ...
ငါ့စိတ်ကူးထဲမှာ ရှိတဲ့ အကောင်အထည်လေးတွေကို လက်တွေ့ဖြစ်အောင်လုပ်ရင်း...
ငါ့ရဲ့ တတိယဘ၀ကို စတော့မယ်...
... နောက်နှစ် ဖေဖေါ်ဝါရီ နို့တစ်... ဧပြီ ထွက်မည်...
အရင်ကတော့ စွန့်လွှတ်ပါပြီပြောလာတာ ၁၀နှစ်ကျော်သွားပြီ၊
မပြတ်သားသောစိတ်၊ မပြတ်သားသော အနေအထားကြောင့် ဒရွတ်တိုက်ပါလာသည်။
ထို့ကြောင့် ဒဏ်ရာတွေလဲ ရခဲ့သည်။
ငွေကြေးကြောင့် ဆုံလည်နွားဖြစ်ခဲ့ရတာလဲ ကြာပြီ။
... အခုတော့ စိတ်ထဲတွင် တကယ်ပြတ်ပြီ။
သူအကျိုးမရှိ၊ ကိုယ်အကျိုးမရှိ ဇာတ်ကို ဆက်မကချင်တော့ပြီ။
သူလဲ အကျိုးရှိရာ ဆက်သွားပါစေတော့...
ကိုယ်လဲ ကိုယ်ယုံကြည်ရာ ဆက်ကာသွားတော့မည်...
အောင်မြင်မှုဆိုတာ ငွေကြေးတခုတည်းနဲ့ တိုင်းတာရတာမဟုတ်။
ကိုယ်လုပ်သော အလုပ်သည် မိမိသူတပါး နှစ်ဦးသားအတွက် မည်မျှ အကျိုးများသနည်း။
ကိုယ့်အလုပ်ကြောင့် လူဘယ်နှစ်ယောက် အကျိုးကျေးဇူးများသနည်း။
ဘောစ့်အိပ်ထောင် ဖောင်းတာလောက်နဲ့တော့ အကျိုးသိတ်မများ။
ကိုယ့်မှာရော စိတ်ချမ်းသာမှု ရှိရဲ့လား။
သမာအာဇီဝ ဖြစ်ရဲ့လား...
စတာတွေပေါ့...
အဲဒီတော့ ဆုံးဖြတ်ချက်ကြပါပြီ။
အားလုံးကို လွှတ်ချတော့မည်...

Subscribe to:
Posts (Atom)