Monday, October 23, 2017


မကြာခဏ ခောတ်ကြီးကိုက မကောင်းပါဘူး။ ပျက်စီးနေပါပြီလို့ ညည်းငြူသံ ကြားရတတ်ပါသည်။ သို့သော် ရိုင်းစိုင်းခဲ့သည့် ကိလေသာတွေက လွန်ခဲ့သော အနှစ် ၂၅၀၀ မှ ယခုတိုင် ထူးမခြားပင်။ ရာထူးအတွက် အာဏာအတွက် မင်းစီးစိမ်အတွက် အဖေကိုလဲ သတ်ရဲသည်၊ ညီအကိုမောင်နှမကိုလဲ သတ်ရဲသည်၊ မောင်နှမချင်းလဲ လင်မယားလုပ်ရဲသည်။ 
ယခုခောတ်တွင်တော့ ပိုယဉ်ကျေးလာသည်။ 
သို့သော် ကိုယ့်ကိုးကွယ်ရာဘာသာတရားကို ညစ်ထေးအောင် အဆင့်အတန်းနိမ့်အောင် ကိုယ်ကျိုးအတွက် အသုံးချကြသည်။ 
ကိုယ့်လူမျိုးကို လူအထင်သေးခံရအောင် ဆွဲချပြီး မိမိ ကိုယ်ကျိုးအတွက် အသုံးချကြသည်။ 
ယခင်က မြန်မာဆိုလျင် စင်္ကာပူ၊မလေးရှား၊ထိုင်း၊အင်ဒိုတ၀ိုက်မှာ ချစ်ခင်ကြသည်။ လေးစားကြသည်။ သိမ်မွေ့သည်၊ သစ္စာရှိသည်၊ အမှန်ပြောသည်၊ နာခံတတ်သည်၊ စသဖြင့် ဂုဏ်ပုဒ်များ ရရှိတတ်သည်။ လမ်းသွားရင်း ကားပေါ်ရထားပေါ်မှာ အလိုလို ဂရုပြု လေးစားခံရတတ်ပါသည်။ 
စင်္ကာပူမှာဆို အလုပ်လူလျော့တာတောင် မြန်မာတွေကို ချန်ထားပြီး အခြားလူမျိုးများကို လျော့တတ်သည်။ မလေးမှာလဲ အချို့ဆိုင်တွေဆို ဆိုင်ရှင်က မြန်မာ ကောင်တာ၊ မြန်မာ စားပွဲထိုး၊ စသဖြင့် မြန်မာတွေကို ယုံကြည်ကာ ပုံအပ်ထားကြသည်။ မြန်မာတွေကို ယုံပြီး သစ်သီးဆိုင်တွေ အုန်းသီးဆိုင်တွေတွင် အကျိုးတူလုပ်ကြသည်။ မြန်မာ နာမည်ရခဲ့ပါသည်။ 
မြန်မာ ဘုန်းကြီးတွေဆိုလဲ လေးစားကြသည်။ ကြည်ညိုကြသည်။ အချို့ မလေးလူမျိုးများပင် မြန်မာ ဘုန်းကြီးများနှင့် အမှတ်တရ ဓာတ်ပုံ ရိုက်လိုကြသည်။ 
တနေ့က ပီနန်းကထိန်သို့ ကြွလာသည့် မြန်မာဘုန်းကြီးများ ကေအယ် မြို့လည်ခေါင်မှာ ဓာတ်ပုံသွားအရိုက် မလေးတစုက ၀ိုင်းရိုက်ကြသည်။ 
ယနေ့ နိုင်ငံခြား သတင်းများတွင် မြန်မာဗုဒ္ဓဘာသာ အစွန်းရောက်များ လူသတ်သည်၊ မီးရှို့သည်၊ စသဖြင့် အဖေါ်ပြခံရသည်မှာ ရိုးနေပြီ။
ဒလိုင်းလားမားတို့ကဲ့သို့သော ဗုဒ္ဓဘာသာ ခေါင်းဆောင်များ၏ သတိပေးစကား ပြောကြားမှုများကို ခံနေရပြီ။
နိုင်ငံတကာ ခေါင်းဆောင်များ၊ အထင်ကရ ပုဂ္ဂိုလ်များက သတိပေးစကားများ ပြောကြားမှုကို ခံနေရပြီ။ 
ကမ္ဘာ့အလည်တွင် မြန်မာ၏ ပုံရိပ်သည် ယိုယွင်းလာနေသည်။ 
 








No comments:

Post a Comment