ကိုယ့်စိတ်ကူးတွေကိုယ် မယုံဘူးလား...
လွတ်လပ်မှုကို မမြော်လင့်ဘူးလား...
ညည်းငွေ့မှုတွေက လွတ်ပြီး ကိုယ်ယုံကြည်ရာ မလုပ်ချင်ဘူးလား...
သွားကြစို့...
နှုတ်ဆက်တော့မယ် အာစီအယ်ရယ်...
၂၆နှစ်တာ မိသားစုနဲ့ ပျော်ရွှင်စွာ
ဆွေမျိုးညာတကာတွေကို ထောက်ပံ့
သာသနာတော်ကို စောင့်ရှောက်ခွင့် ရစေတဲ့ အတွက် ကျေးဇူးတင်ပါတယ်...
မင်းအတွက် ဆက်ပြီးအလုပ်လုပ်ပေးဖို့ ငါ့မှာ အင်အားတွေ မရှိတော့ဘူး...
ခွန်အားတွေ ကုန်ခန်းသွားပြီ...
ငါ့စိတ်ကူးထဲမှာ ရှိတဲ့ အကောင်အထည်လေးတွေကို လက်တွေ့ဖြစ်အောင်လုပ်ရင်း...
ငါ့ရဲ့ တတိယဘ၀ကို စတော့မယ်...
... နောက်နှစ် ဖေဖေါ်ဝါရီ နို့တစ်... ဧပြီ ထွက်မည်...
အရင်ကတော့ စွန့်လွှတ်ပါပြီပြောလာတာ ၁၀နှစ်ကျော်သွားပြီ၊
မပြတ်သားသောစိတ်၊ မပြတ်သားသော အနေအထားကြောင့် ဒရွတ်တိုက်ပါလာသည်။
ထို့ကြောင့် ဒဏ်ရာတွေလဲ ရခဲ့သည်။
ငွေကြေးကြောင့် ဆုံလည်နွားဖြစ်ခဲ့ရတာလဲ ကြာပြီ။
... အခုတော့ စိတ်ထဲတွင် တကယ်ပြတ်ပြီ။
သူအကျိုးမရှိ၊ ကိုယ်အကျိုးမရှိ ဇာတ်ကို ဆက်မကချင်တော့ပြီ။
သူလဲ အကျိုးရှိရာ ဆက်သွားပါစေတော့...
ကိုယ်လဲ ကိုယ်ယုံကြည်ရာ ဆက်ကာသွားတော့မည်...
အောင်မြင်မှုဆိုတာ ငွေကြေးတခုတည်းနဲ့ တိုင်းတာရတာမဟုတ်။
ကိုယ်လုပ်သော အလုပ်သည် မိမိသူတပါး နှစ်ဦးသားအတွက် မည်မျှ အကျိုးများသနည်း။
ကိုယ့်အလုပ်ကြောင့် လူဘယ်နှစ်ယောက် အကျိုးကျေးဇူးများသနည်း။
ဘောစ့်အိပ်ထောင် ဖောင်းတာလောက်နဲ့တော့ အကျိုးသိတ်မများ။
ကိုယ့်မှာရော စိတ်ချမ်းသာမှု ရှိရဲ့လား။
သမာအာဇီဝ ဖြစ်ရဲ့လား...
စတာတွေပေါ့...
အဲဒီတော့ ဆုံးဖြတ်ချက်ကြပါပြီ။
အားလုံးကို လွှတ်ချတော့မည်...
No comments:
Post a Comment