Monday, November 12, 2018

ဘ၀လမ်း
-----------
အမေရေ...
ငယ်ကတည်းက
နားရေ၀သည်
ဘ၀လမ်းဆိုတာ
ကြမ်းတမ်းသကွဲ့
သားရဲ့ပြင်ဆင်
အတွင်တွင်ပြော
လောကထဲမှာ
ယူသွားပါကွဲ့
သားရဲ့.. အသိ
ပညာရှိမှ
လောကတင့်တယ်
လူကွယ်မခိုး
မညှိုးတင့်တယ်
လျောက်တော့ကွယ်လို့
တတို့နှင်တန်
အားမာန်အပြည့်
ရှေ့ကိုဆက်လာ
သာယာလှပ
လောကစီးစိမ်
ကြိမ်ကြိမ်ခံစား
မုန်တိုင်းများလဲ
မလွဲကြုံခံ
အံကိုကြိတ်ကာ
တူတွဲပါဖို့
နှစ်ကိုယ့်ချစ်သူ
ကြည်ဖြူလျောက်ကြ
သားကတနည်း
သမီးကတဖုံ
လောကရိပ်မြုံ
တူဆုံဆည်းကာ
လျောက်လာခဲ့ကြ
ဘာမှမကြာသေး
အေး...အမေတော့
လျော့ပြီသားရယ်
သွားတော့မယ်လို့
ပြောလို့ထွက်သွား
ခဏမနား
အဖေလဲသွား
ခဏမနား
အကိုလဲသွား
ထားခဲ့ကြပြီ
ရှေ့ဆက်ချီဆဲ...
ဆက်ချီဆဲပါ...
တနေရာထောက်
နောက်ကိုပြန်ကြည့်
ပေါက်သည့်ခရီး
ဆင်ခြင်ပြီးမြော်
အော်.... အမေရယ်...
ဘ၀ဆိုတာ...
အမောခရီးပါလား...
နားခိုဖို့ရာ
စိတ်မှာဆန္ဒ
ဖြစ်ရရှာဖွေ
နားနေစရာ...
အမောဖြေစရာ...
သားရေလာကွဲ့
ကျောက်စက်ရေနှယ်
အမောပြေစေမယ်
စောင့်ကာနေမယ်
အမေရယ်...ဆို
အမေ့ရင်ခွင် မရှိတော့ပါလား...
...
မောတယ် အမေရယ်...
...
ဘယ်အခါဘယ်ဘ၀...
ဘယ်မှာကျပြီး
အမေလဲ ဘယ်နှာကူးနေပါလိမ့်
မဆုံးနိုင်တဲ့  သံသရာ
ကူးကြရတာပါနော်... အမေ...
ရောက်ရာဘ၀မှာ...
အမေ... ချမ်းသာစွာ
သံသရာခရီးကို ကူးဖြတ်နိုင်ပါစေ...
အမေ... များမကြာမီ
သံသရာဇာတ်သိမ်နိုင်ပါစေ...
ဒီဘ၀က အမေ...
ဒီဘ၀က အဖေ...
ဟိုဘ၀က အမေ...
ဟိုဘ၀က အဖေ...
ဟို့ဟိုဘ၀က အမေ...
ဟို့ဟိုဘ၀က အဖေ...
အားလုံး သံသရာတိုကြပါစေ...

No comments:

Post a Comment