Wednesday, February 24, 2016

ငါကောင် အတ္တ     ၊ ရှာမရလဲ၊
ရုပ်ခန္ဓာဘဲ           ၊ အတ္တစွဲကာ၊
စိတ်အစဉ်ဘဲ        ၊ အတ္တစွဲကာ၊
ငါ့ကိုယ်ငါ့ဟာ       ၊ ငါ့ဥစ္စာထင်
အစဉ်စောင့်ရှောက် ၊ ဘေးမရောက်ရ
ငါ့အကျိုးသာ         ၊ ရှေ့မှာတင်ထား
စဉ်းစား အမြဲ        ၊ ငါဘဲသာချင်
ငါလျင်ကျိုးမြတ်      ၊ မပြတ်ရချင်
ကြုံလျင်ဖြစ်ဆိုး       ၊ ငြိုးမျိုးသူများ
ငါကားမပါ           ၊ သူ့ကြောင့်သာဟု
ထင်မှုစိတ်မှာ       ၊ ဓမ္မတာတည်း။

အတ္တကိုခွါ                ၊ သဘောသာကြည့်
ဖြစ်သည့်အကြောင်း    ၊ မစောင်းအတ္တ
ဖြစ်သမျသာ              ၊ သေခြာဆင်ခြင်
ဘယ်လျင်အကြောင်း   ၊ ပေါင်းစုဖြစ်လာ
ဘယ်ဟာ ငါ့ကြောင့်    ၊ သူ့ကြောင့်ဒီဟာ
သေခြာစစ်ဆေး         ၊ မနှေးကိုယ့်ပြစ်
ဆန်းစစ်ဝေဘန်         ၊ အမှန်ပြုပြင်
အစဉ်ရိုးသား            ၊ ၀န်ခံငြားလပ်
မပြတ်ကိုယ်သာ        ၊ ပြုပြင်ပါလျင်
အစဉ်တိုးတက်         ၊ ကောင်းကျိုးဆက်မည်
မြတ်သည်ဓမ္မ          ၊ အဆုံးမတည်း...


No comments:

Post a Comment