သူအားငယ်မှာ
စိုးရိမ်ပါလည်း
သံသရာအရေး
မြော်ကာတွေးကြောက်
လျောက်ပါရစေ..
မင်းလေလိုက်ခဲ့...
သားနဲ့သမီး...
ချစ်မငြီးလဲ
ရှင်ကွဲမကွဲ
သေကွဲကွဲမည်
လောကီမွေကောင်း
လောကုတ်ဆောင်းကာ
ပေးလိုပါသည်
ဒီဘ၀လဲ
သူတို့ရဲပြီ
တချီတခါ
သံသရာလမ်း
လမ်းပြစမ်းစို့...
ချစ်ကြည်ခဲ့ကြ
အေးမြရိပ်မြုံ
တတုံခဏ
နားခဲ့ကြသည်
မတည်မမြဲ
ပြိုကွဲရမှာ
ဓမ္မတာတည်း..
ငို၍မခွဲ
တရားမြဲစေ
ကွဲလေမြေအိုး
ရွှေအိုးသာရ
ဂတိလှဖို့
ပါရမီဖက်ရေ... ဒို့ကြိုးစားကြစို့နော်...
No comments:
Post a Comment