သူကဆဲလို့ ကိုယ်ပြန်ဆဲတော့
သူရောကိုယ်ရော ဆဲသမားပေါ့...
သူကရိုက်လို့ ကိုယ်ပြန်ရိုက်တော့
သူရောကိုယ်ရော လူကြမ်းများပေါ့...
သူကယုတ်လို့ ကိုယ်ပြန်ယုတ်တော့
သူရောကိုယ်ရော လူယုတ်မာပေါ့...
သူကဆဲလဲ ကိုယ်မဆဲတော့
သူရိုင်းပေမဲ့ ကိုယ်ယဉ်ကျေးပေါ့...
သူကရိုက်လို့ ကိုယ်ရှောင်ပေးတော့
သူကလူကြမ်း ကိုယ်ယဉ်ကျေးပေါ့...
သူကယုတ်လို့ ကိုယ်မယုတ်တော့
သူလူယုတ်မာ ကိုယ်လိမ္မာပေါ့...
မီးတောက်ကမ္ဘာ မေတ္တာရေအေး
ဖြန်းကာပေးမှ ငြိမ်းအေးရသည်...
သတ္တ၀ါ အနန္တ ချမ်းသာကြပါစေ...
No comments:
Post a Comment